မန္တလေးတိုင်းအစိုးရဟောင်းက ပြည်သူ့ဘဏ္ဍာငွေ ကျပ်သန်း ၅၀၀ ပထမအရစ်ပြန်ပေးသွင်း


ယခင်မန္တလေးတိုင်း အစိုးရလက်ထက်က ပေးသွင်းဖို့ကျန်​ရှိနေတဲ့ ငွေကျပ်သန်း ၃၃၄၀ ကျော်ထဲက ကျပ်သန်း ၅၀၀ ကို ပထမဆုံး အရစ်အနေနဲ့ စက်တင်ဘာ ၅ ရက်နေ့က ပေးသွင်းခဲ့တယ်လို့ လက်ရှိ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးမြတ်သူ က ပြောပါတယ်။ အရင်အစိုးရလက်ထက်က ပေးသွင်းဖို့  ကျန်ရှိနေတဲ့ ငွေကျပ်သန်း ၃၃၄၀ ကို ၂၀၁၉ ခုနှစ် မတ်လ အကုန်ပေးသွင်းမယ်လို့ ကတိပေးထားတာဖြစ်ပြီး အခုလိုပေးသွင်းဖို့ ကျန်နေတဲ့ ပိုက်ဆံတွေဟာ အစိုးရအကူးအပြောင်းကာလမှာ အစိုးရအသစ်ကို စာရင်းလွှဲပြောင်းပေးခြင်း မရှိတဲ့ ငွေတွေဖြစ်ပါတယ်။ ပေးသွင်းဖို့ ကျန်နေတဲ့ငွေတွေကို ခွဲပြီးပေးတဲ့အတွက်ကြောင့် ဘယ်နေရာမှာ အသုံးပြုမယ်ဆိုတာကို တိတိကျကျမသတ်မှတ်နိုင်သေးပဲ ဘဏ်မှာ စနစ်တကျထိန်းသိမ်းထားပြီး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ အခုလို ပြည်လည်ပေးသွင်းတဲ့ ငွေတွေကို တိုင်းဒေသကြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သုံးစွဲသွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ ကြံ့ခိုင်ရေးပါတီ ဦးဆောင်တဲ့ အစိုးရဟောင်းလက်ထက်က ကျန်ရှိတဲ့ ပြည်သူ့ဘဏ္ဍာငွေ တဲ့ငွေတွေကို  ခုလက်ရှိ အန်အယ်လ်ဒီ အစိုးရသစ်တက်လာတာ ၃နှစ် နီးပါးရှိနေချိန်အထိ အပြည့်အ၀င် မလွှဲပြောင်းပေးနိုင်သေးပဲ ရှိနေတာဖြစ်ပါတယ်။ DVB

Welcome

Copyright © 2015 Thadin Zone| Design by Blogspot Templates | Published by FLYTemplate.